ရေဘေး

(၁)
အဝတ်အစားထုတ်များ၊ အစားအသောက်များ၊ ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကို သေသေချာ ချာထုတ်ပိုးပြင်ဆင်ကာအလုပ်များနေသည့် ဇနီးသည်နှင့်သူငယ်ချင်းများအဖွဲ့ကိုကြည့်ကာ သူသက်ပြင်း ကို အခါခါချမိသည်။ အလှူငွေထည့်သူစာရင်း၊ ပစ္စည်းပံ့ပိုးသူစာရင်း၊ သွားလာသယ်ဆောင်ခ၊ စက်သုံးဆီ စရိတ်အစရှိသည့် အဖိုးအခများကိုလည်းတွက်ချက်ရသည်။ ဝယ်ယူစုဆောင်းအလှူခံလာသောအရာများ ကို ပို့ဆောင်လှူဒါန်းရမည့်နေရာ၏ ကာလံဒေသံနှင့်ကိုက်ညီအောင် ဟန်ချက်ညီညီထုတ်ပိုးရသည်။ Continue reading “ရေဘေး”

ဉစ္စာပျောက် ရုံးရောက်

ကမ္ဘာနှင့်အဆက်အသွယ်ပြတ်ပြီး ကမ္ဘာကဲ့သို့သောလူအများအပြားနေထိုင်သည့် ဂြိုဟ်တစ်ခုပေါ်တွင် ကျွန်တော်နေထိုင်ပါသည်။ ထိုဂြိုဟ်ထဲတွင် ကမ္ဘာကဲ့သို့ပင်နိုင်ငံပေါင်းများစွာရှိပြီး ကျွန်တော်နေထိုင် သော နိုင်ငံ၏ မြို့ကလေးသည် မင်းမဲ့စရိုက်ပေါများသော၊ ခြစားမှုပြင်းထန်သော နေရာတစ်နေရာဖြစ် သည်ဟုဆိုရမည်ပင်။
Continue reading “ဉစ္စာပျောက် ရုံးရောက်”

ပျော်ရွှင်ခြင်း ကမ္ဘာ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကကျွန်တော်တို့ကို ပြန်ပိုင်ဆိုင်နေတတ်တယ်။ (ယန်းပေါဆတ်)
လွတ်မြောက်မှုဆိုတာ ကိုယ့်အထဲမှာပဲရှိတာပါ။ (အိုရှိုး) Continue reading “ပျော်ရွှင်ခြင်း ကမ္ဘာ”

ဈေးဝယ်သူ

(၁)
တစ်သောင်းတန်နှစ်ရွက်ကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၊ အခြားလက်တစ်ဖက်က ဈေးဆွဲခြင်းကိုကိုင်ထားရင်းက ထိုဆိုင်ရှေ့သို့ရောက်လာရသည့်အချိန်တွင် ကျွန်တော့်နှလုံးသားအရည် ပျော်ကျမတတ်ဖြစ်ရသည့်အခိုက်အတန့်ကိုရင်ဆိုင်ရတော့သည်။ နားနှစ်ဖက်တွင်တော့ အမျိုးသမီး၏ မှာကြားသံများကို အဆက်မပြတ်ကြားယောင်နေလေ၏။

“အဲဒီအဖွားကြီးဆိုင်က ရှင်လုံးဝမဝယ်နဲ့နော်၊ အသက်ကြီးကြီးအဖွားကြီးဆိုပြီး သနားလို့ဝယ်တာအမြဲ တမ်းလူလည်ကျခံရတယ်၊ ဈေးသည်လုပ်နေပြီး ရိုးရိုးသားသားမရောင်းဘူး၊ လူကိုကြည့်ပြီးဈေးတင် ရောင်းလိုရောင်း၊ ပစ္စည်းတွေ ဂျင်းထည့်လိုထည့်နဲ့ အကုသိုလ်ယူနေတာ” Continue reading “ဈေးဝယ်သူ”

ဆေး

“ညီလေး ရွှတ် ရွှတ် ရွှတ်” လို့စခေါ်ကတည်းက သူအလိမ်ခံရတော့မည်၊ ခေတ်စကားနှင့်ဆိုပါလျှင် ဂျင်းမိ တော့မည် မှန်း ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော်လည်း ရန်ကုန်ကိုရောက်ခါစကထိုသို့ပင် ဂျင်းအမိခံ ခဲ့ ရသည်မဟုတ်ပါလား။ အခေါ်ခံရသောညီလေးသည် အသက်အားဖြင် ၂၀ စွန်းစွန်းသာရှိဦးမည်။ ရုပ်ရည် ခပ်သန့်သန့်ထဲကဖြစ်ပြီး ဆံပင်ကိုကျော့နေအောင်ဖြီးထားကာ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုသေသေသပ် သပ်ဝတ်ဆင်ထားလေသည်။ သူ့မျက်နှာမှာတော့ ဝက်ခြံဖုများက ဟိုတစ်စုဒီတစ်စုဖြင့် နီညိုရောင်သန်း နေလေ၏။ ထိုအချက်ကပဲ တရွှတ်ရွှတ်အခေါ်ခဲ့ရလေခြင်းပင်။ Continue reading “ဆေး”